ညောင်းရမ်းခေတ် ကုန်ဆုံးခါနီးတွင် အင်းဝမှ မြန်မာတို့သည် မွန်တို့ဌာနီ ဟံသာဝတီ သို့ သွားရောက်ကျူးကျော်သဖြင့် မကြာမီ ဟံသာဝတီတပ်များက အင်းဝကို ပြန်လုပ်ကြံရန် ဆန်တက်လာကြသည်။
ထိုအခါ ပြည်မြို့မှ ခံသော မင်းရဲကျော်ခေါင်၏ တပ်များသည် ပြည်မြို့ပျက်လျင် မကွေးတိုင်း ပဋ္ဌနဂိုရ်တွင် တပ်တည်၍ နေကြပြန်သည်။ ဗညားကျန်းတောကို အနောက်ဘက် မလွန်အရပ်တွင် နေစေသည်။ ဗညားကျန်းတောသည် အလွန် စည်းစနစ်ရှိ၍ အစီအရင် အပြင်အဆင် ကောင်းလှသောကြောင့် မွန်တို့ တိုက်လာသမျှ ရှုံးသဖြင့် မတိုက်ရဲတော့ဘက် အရှေ့ဘက်ကမ်း ပဋ္ဌနဂ်ိုရ် ကိုသာ တိုက်ကြတော့သည်။
ဗညားကျန်းတော စီရင်ပုံကား မြင်းသည်လည်း မောက်ရူ မောက်တို သံချပ် ဝတ်လုံ မြင်းကတောင်မှ စ၍ မြဲမြံစေရသည်။ သေနတ်သမား ကျည်ဆံခဲယမ်း ပြည့်စုံအောင် သူက ငွေစိုက်ထုတ်ပေးသည်။ ဓားလှံ မကောင်းသူတို့ကို သားမယားခေါ်၍ လုပ်စေသည်။ အရေးရှိလျင် စည်သုံးချက်တီးပြီး ၃ ချက်စေ့၍ မရောက်သူကို အပြစ်ပေးသည်။ တိုက်ပွဲတွင် အခြားစစ်ကဲများလို နောက်မှ မနေ၊ သူက ရှေ့ဆုံးမှ ဦးဆောင်တိုက်သည်။ ထို့ကြောင့် မလွန်သို့ မွန်တို့ မကပ်နိုင်။
ထိုအခါ အရှေ့ဘက်ကမ်း မင်းရဲကျော်ခေါင်တပ်မှ မင်းကြီးရဲတင်၊ မင်းရဲလွမ်းတင်၊ အာကာဗိုလ်မှူး နှင့် စစ်ကဲအများက မနာလိုကြ၍ ဗညားကျန်းတောကို သတ်ရန် အမျိုးမျိုး အားထုတ် ကုန်းတိုက်ကြ၏ ။ မင်းရဲကျော်ခေါင်က မသတ်သည်နှင့် ဗညားကျန်းတောကို ပဋ္ဌနဂိုရ်သို့ ညာခေါ်ပြီး မင်းရဲကျော်ခေါင် အိမ်သို့ ရောက်လျင် ''အိမ်က ချ၍ အပ်ပါ။ မအပ်လျင် အိမ်ကို မီးတိုက်မည်'' ဟု အင်အားသုံးကာ အကြပ်ကိုင်ကြလေသည်။
အများက တောင်းဆိုသည်နှင့် မင်းရဲကျော်ခေါင် မတတ်နိုင်၊ ဗညားကျန်းတောကို သွားလေတော့ ဟု ပြေးစေ၏ ။ မြို့ရိုးအရောက် တပ်ပေါ် တက်ရာတွင် ရဲမက်တစ်ယောက် ထိုးသဖြင့် ဗညားကျန်းတော ဆုံးပါးရလေငည်။ ထိုအခါ မွန်တို့လည်း ဗညားကျန်းတော မရှိသည်နှင့် မလွန်၊ ပဋ္ဌနဂိုရ် တို့ကို တိုက်ခိုက်သိမ်းယူလေတော့သည်။ စည်းကမ်းကောင်း၍ မှန်ကန်ထက်မြက်သူ မရှိသောကြောင့် မကြာမီ အင်းဝ ပျက်ပြီး ညောင်ရမ်းမင်းဆက်လည်း ပြတ်လေတော့သတည်း။
အလွန် ဆိုးယုတ် ညံ့ဖျင်းသော မြန်မာများ ဖြစ်သည်။ မိမိလည်း မစွမ်း၊ စွမ်းသူကိုလည်း မနာလို၊ ပျက်စီးစေရန် ကြံ၍ အရှက်မရှိ ကမ်းကုန်အောင် ကောက်ကျစ် ယုတ်မာနိုင်ကြပါပေသည်။ ခေတ်တိုင်းတွင် ဤသို့သော လူဖျင်းလူယုတ်များ အမြဲပင် ရှိ၏ ။
Written by သင်္ခရာဇာ
End date: February 7, 2022